Huawei Honor Holly Hol-U19 Version 4.4.2 ကိုမြန်မာစာမှန်အောင်နှင့်ယပင့်မကပ်အောင် မြန်မာဖောင့်ထည့်နည်း
ဒီနေ့ကျွန်တော်တင်ပေးသွားမှာကတော့ Huawei ကနေသိပ်မကြာသေးခင်ကမှ ဈေးကွက်ထဲစတင်ရောက်လာပြီး ဈေးနှုန်းလည်းအသင့်အတင့်ရှိလို့ လူသုံးများစပြုလာတဲ့ Huawei Honor Hol-U19 version 4.4.2 ကို မြန်မာဖောင့်ထည့်နည်းကိုတင်ပေးသွားပါမယ်
Honor Hol-U19 ကိုဖောင့်ထည့်ရင် myanmar font changer တွေသုံးပြီးဖောင့်ထည့်တဲ့အခါ မြန်မာစာမှန်သွားသော်လည်း ယပင့်ကပ်နေတာကိုကြုံတွေ့ကြရမှာပါ အခြားသော version 4.4.2 ရှိတဲ့ဖုန်းတွေထက်ကို သိသိသာသာလေးပိုကပ်တာတွေ့ရပါတယ် ဒီနည်းလမ်းလေးမှာတော့ ထိုယပင့်ကပ်တာကို လုံးဝအဆင်ပြေသွားအောင်ဖြေရှင်းပေးထားပါတယ်
ကဲစလိုက်ကြရအောင်
ပထမဦးစွာ မြန်မာဖောင့်ထည့်တော့မယ်ဆိုရင် ဖုန်းကို root ဖောက်ထားဖို့လိုပါတယ်
Root ဖောက်ဖို့ကတော့ iRoot PC Tool နဲ့ဖောက်ပါရပါတယ် မရှိရင်တော့ဒီမှာဒေါင်းယူလိုက်ပါ
Root Access ရရှိသွားပြီဆိုရင်တော့ မြန်မာဖောင့်ထည့်ဖို့အတွက်အောက်ပါလေးတွေလိုအပ်ပါတယ် ဒေါင်းယူလိုက်ပါ
Busy Box
Font Changer Lite

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ အရင်ဆုံး busy box ကိုဝင်လိုက်ပါ install ကိုနှိပ်ပေးပြီးခဏစောင့်နေလိုက်ပါ install ပြီးသွားပြီဆိုရင် ပြန်ထွက်လိုက်ပါ
Font Changer Lite ကိုဝင်လိုက်ပါ refreshing လုပ်နေပါလိမ့်မယ် ခဏစောင့်ပေးလိုက်ပါ ပြီးသွားပြီဆိုရင်ပြန်ထွက်လိုက်ပါ
Root Explorer ထဲသို့ဝင်ပါ ဒေါင်းယူထားတဲ့ Zawgyi One 2008.ttf ကိုရှာပြီး copy ယူလိုက်ပါ ပြီးလျှင် sd card သို့သွားပြီး font changer folder ကိုရှာလိုက်ပါ တွေ့ပြီဆိုလျှင် font changer folder ထဲမှာ copy ယူလာတဲ့ Zawgyi One 2008.ttf ဖောင့်ကို pasete ချပေးလိုက်ပါ ပြီးရင်ပြန်ထွက်လိုက်ပါ
Font Changer Lite ထဲသို့ပြန်ဝင်ပါ refreshing လုပ်နေတာကိုခဏစောင့်လိုက်ပါ ပြီးသွားရင် Zawgyi One 2008.ttf ဖောင့်ကိုတွေ့ပါလိမ့်မယ် Zawgyi One 2008.ttf ဖောင့်ကိုနှိပ်ပေးလိုက်ပါ box တစ်ခုတက်လာပါလိမ့်မယ် တက်လာတဲ့ box က apply ကိုနှိပ်ပေးပြီးခဏစောင့်နေလိုက်ပါ ဖောင့်ကိုထည့်သွင်းနေပါလိမ့်မယ် ပြီးသွားရင် box တစ်ခုတက်လာပါလိမ့်မယ် reboot now ကိုနှိပ်ပေးလိုက်ပါ
ဖုန်း reboot ကျသွားပြီပြန်တက်လာပြီဆိုလျှင်တော့ အဆင်ပြေရာနေရာတစ်ခုမှာမြန်မာစာရိုက်ပြီးစမ်းကြည့်လိုက်ပါ မြန်မာစာမှန်ကန်နေပြီး ယပင့်လည်းမကပ်ပဲ လုံးဝကိုအဆင်ပြေသွားပါပြီခင်ဗျာ

Comments
Post a Comment