ခွန်အကီး  ကရင်ဖောင့်

စကောက၇င်နင့် ပိုးကရင် ဖောင့်နဲ့ ကီးဘုတ်ပါ
ဖောင့်ကတော့ ၁ ခုထဲပါဘဲ။ ကီးဘုတ်ကတော့ ပိုးကရင်ကီးဘုတ်နဲ့ စကောကရင်ကီးဘုတ် ၂ မျိုးရှိပါတယ်။ ပိုးကရင်က ပိုးကရင်ကီးဘုတ်ယူ စကောကရင်က စကောကရင် ကီးဘုတ်ယူကြပေါ့။ ကျွန်တော်ခုမှ မတတ်တတတ်လေးနဲ့ ပထမဆုံးအကြိမ် လုပ်ယူသောကြောင့် လိုအပ်ချက် အားနဲချက်များစွာ ရှိပါတယ်။ စိတ်တိုင်းမကျရင် အားလုံးဘဲ ခွင့်လွတ်ပေးကြပါလို့ တောင်းပန်ပါတယ်။ ကျွန်တော်ငြိမ်မနေပါဘူး ရှေ့ဆက်တိုး ဆက်ကြိုးစားမှာပါ။ ဒီထက်ကောင်း ဒီထက်သာစေရပါမယ် နောင်ထွက်မဲ့ ကရင်ဖောင့် ကရင်ကီးဘုတ်မှာလည်း အနောက်ပိုးကရင် စာပေတွေကိုပါ ထည့်သွင်းပေးသွားပါမယ်။
အမှန်တော့ ကရင်ဖောင့်နဲ့ ဗမာဖောင့် စပ်ဖို့က ခက်ခဲနေလို့ပါ။ ကရင်စာတစ်ခုထဲကိုသာ လုပ်ဆောင်သွားလျှင် ဒီလောက်မကြာပါဘူး ဒါပေမဲ့ ဗမာဖောင့် (Zawgyi) ကိုလည်း မသုံးလို့မရဘူးလေ။ ခုအွန်လိုင်းမှာဆို ကရင် Group ကရင် Page ကအစ သတင်းတွေကို ဗမာဖောင့်ဘဲ အသုံးပြုထားတော့ ကရင်ဖောင့်သီသန့်ထည့်လျှင် အခြား သတင်းတွေ အခြားကရင်ဖောင့်မသုံးတဲ့ သူငယ်ချင်းတွေရဲ့စာကို မမြင်နိုင်တော့တဲ့ ပြသနာ ရှိလို့ပါ။ အခြားပြသာနာ စာလုံးကပ်ခြင်း စာလုံးနေရာလွဲမှားခြင်းတို့လည်း ပြုပြင်နေတာကြောင့် အချိန်ကြာသွားတာပါ။ ဒီ Font ထဲမှာ ပိုးကရင် စကောကရင် ဗမာဖောင့် အင်္ဂလိပ်ဖောင့် ထိုင်းဖောင့် အားလုံးဖောင့်အလှများဖြင့် ထည့်ပေးထားပါတယ်။ ကီးဘုတ်ကတော့ ကျွန်နော်လုပ်ထားတာ မဟုတ်ပါ။ အခြားကီးဘုတ်များကို နဲနဲပြန်ပြင်ထားယုံလေးပါ။
ကိုယ့်ဘက်က ကရင်လိုရေးလိုက်ပေမဲ့ အခြားမြင်ရတဲ့ သူငယ်ချင်းဘက်က ဒီကရင်ဖောင့် မထည့်ထားလျှင် ဗမာဖောင့် (Zawgyi) မှာ မပါသော ကရင်ဖောင့်များကို တွေ့ရမည် မဟုတ်ပါ။ ထိုကြောင့် ယခု Post ကိုအခြားကရင် ညီကိုများသိအောင် ဝိုင်း Share ပေးကြပါလို့ ကျွန်တော်တောင်းဆိုပါတယ်။ လိုအပ်သော ဖိုင်များကို အောက်မှာ Download ရယူနိုင်ပါတယ်။ Android အားလုံး 4.4.2 ထိအသုံးပြုနိုင်ပါတယ်။
ဖောင့်ထည့်နည်းကတော့ Samsung ဖုန်းဆို အောက်ကပေးသော ကရင်ဖောင့် Apk ကို Installe ပေးပြီး Setting >> Display >> Font style >> Karen Font >> Ok ပေးလိုက်ယုံပါဘဲ (System Font အဖြစ်သွင်းချင်ရင်တော့ အောက်ကနည်းဖြင့် I font donta apk ကနေ Karen TTF Font အဖြစ်နဲ့ Installe ပေးပါ)
Samsung မဟုတ်သော အခြားဖုန်းများကတော့ Karen Font TTF ကို I Font Donta Apk ကနေ Font Installe ပေးရပါမယ်။ Karen Font TTF, I font donta apk နဲ့ TTF Font ထည့်နည်း PDF စာအုပ်ကို အောက်မှာ Download ရယူနိုင်ပါတယ်။
(မှတ်ချက်။ ။ဖုန်းတိုင်းအဆင်မပြေမယ်လို့ ကျွန်နော်မဆိုလိုပါဘူး)
Font များနှင့် လိုအပ်သောဖိုင်များ Download ရန်
Karen Font Apk (For Samsung)
Download >> https://db.tt/HW7NFKJv
Karen Font TTF (For Other Android)
Download >> https://db.tt/1WbD7jh8
I Font Donta Apk
Download >> https://db.tt/ljvYTod0
TTF Font ထည့်သွင်းနည်းစာအုပ်
Download >> https://db.tt/BKWBEYQg
------------------------------------------------------------------------------------------
ကီးဘုတ်များ Downloaf ရန်
Poe Karen Keyboard (ပိုးကရင်ကီးဘုတ်)
Download >> https://db.tt/ql9U44VH
S'gaw Karen Keyboard (စကောကရင်ကီးဘုတ်)
Download >> https://db.tt/CgDmc6nA
ယခု Post နဲ့ပက်သတ်သော .ကီးဘုတ်ပိုင်ရှင်များကို ခလက်ပေးပါတယ်
Shared with Dropbox
DB.TT

Comments

Popular posts from this blog