တောင်းထားတဲ့လူတွေများလာတဲ့အတွက်မအားတဲ့ကြားကတင်ပေးတာလေးပါ
များသောအားဖြင့်တော့တရုပ်ထုတ်ဖုန်းတွေမှာ Play Store တွေမပါပါဘူး ထည့်ရင်လက်ခံပြီးတော့ ဖွင့်လိုက်ရင်သုံးလို့မရတာမျိုးဖြစ်ပါတယ် ဒီအတွက် Play Store ကိုပြင်ပြီးထည့်ပေးမှရပါတယ် root လုပ်ထားဖို့တော့လိုပါမယ် ကွန်ပျူတာမလိုပါဘူး
လိုအပ်တဲ့ software တွေကတော့ 
(1) Root Explorer.apk (2) Google Services Framework.apk (3) Google Login Service.apk
တို့လိုအပ်ပါတယ်ဒါတွေအကုန်လုံးကို အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် 

အောက်မှာလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့ပြပေးပါမယ် Software ကိုဒေါင်းပြီးရင် ဖိုင်တွေကိုဖြည်ဖို့အတွက်က winarar.apk ကိုဒေါင်းပြီး install လုပ်လိုက်ပါ ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကိုဖြည်လိုက်ပါ
password တောင်းရင် www.minminchit.org လို့ထည့်ပေးလိုက်ပါ
  ပြီးရင် Root Explorer.apk ကို install လုပ်ပြီး program ကိုဖွင့်လိုက်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ပြီးတော့ STORAGE ထဲကနေအခုနကဖြေထားတဲ့ဖိုင်ထဲကနေ .apk သုံးခုကို Copy ကူးလိုက်ပါ

ပြီးတော့ ROOT ကနေ system ၊ system ထဲကနေ app ထဲကိုဝင်လိုက်ပါ ပြီးတော့ Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O ပြောင်းလိုက်ပါ အခုနကကူးလာတဲ့ .apk သုံးဖိုင် ကိုကူးထည့်လိုက်ပါ
ပြီးရင်ဖုန်းကို Restart ချလိုက်ပါ ဖုန်းပြန်ဖွင့်လာရင် Google Play store ထဲကိုဝင်ပြီး Gmail နဲ့ ဝင်ပြီးရင် စိတ်ကြိုက်ဒေါင်းလို့ရပါပြီ
အဆင်မပြေတာရှိရင် www.facebook.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်
နည်းပညာနဲ့တွေတိုးတက်ပြီးအဆင်ပြေကြပါစေ



ဖုန်းတွေမှာမြန်မာစာထည့်မယ်ဆိုရင် အရင်ဆုံးသိထားရမှာကဖုန်း Firmware ကျတာဖြစ်များတယ် အများအားဖြင့် ဖြစ်များတာကတော့ Font Changer တစ်ခုပြီးတစ်ခုသုံးတာများရင်ဖြစ်တတ်ပါတယ် အဲဒါကြောင့်အောက်ကနည်းအတိုင်းမြန်မာစာထည့်ချင်ရင်တော့ ဖုန်းကို reset ချပြီးမှထည့်ပါလို့ကြိုတင်အကြံပေးချင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့အခုပေးထားတဲ့ Font Changer တွေက အများအားဖြင့်အဲလိုဖြစ်တတ်တဲ့ Font တွေမို့လို့ပါ ဖုန်းတစ်ခုခုဖြစ်ရင်တော့စာရေးသူတာဝန်မယူပါ လိုအပ်တာတော့တပ်နိုင်သမျှကူညီပေးပါမည်
ပြီးရင်တော့မြန်မာစာထည့်ဖို့အတွက်ကတော့အတွက်ကတော့ ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက MMSD Smart Zawgyi v 1.3.0 (ဇကွဲဖောင့်) ကိုဖုန်းထဲကိုကူးထည့်ပြီး install လုပ်ပေးလိုက်ပါ အောက်ကပုံအတိုင်းပေါ်လာရင် allow ကိုနှိပ်ပေးလိုက်ပါ
မှတ်ချက် MMSD Smart Zawgyi v 1.3.1 (ဇကွဲဖောင့်)နဲ့လုံးဝထည့်လို့မရပါသေချာပေါက်ဖန်ဝဲကျပါတယ် 


ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် Huawei နှင့်အခြားကိုနှိပ်ပေးလိုက်ပါ ပြီးရင်ဖုန်း Restart ကျသွားပြီးတော့ပြန်တက်လာရင်တော့မြန်မာစာ 100 % အဆင်ပြေပါပြီ


ပြီးရင်တော့ AIS Lava Iris 500 အတွက်ကတော့ မြန်မာစာထည့်ဖို့အတွက်ကတော့ ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက Myanmar Mobile Zawgyi Changer 2 v 1.0.5 ကိုဖုန်းထဲကိုကူးထည့်ပြီး install လုပ်ပေးလိုက်ပါ အောက်ကပုံအတိုင်းပေါ်လာရင် Check Root Access of Your Android Device ကိုနှိပ်ပေးလိုက်ပါ

Comments

Popular posts from this blog