မင်္ဂလာပါ ဒုံဝန်းသားလေး အသွင်သစ်နဲ့ သိပ်လန်းချင်တယ်ဆိုတဲ့ ညီအကိုများအတွက် Official MIUI ROM တင်နည်းကိုတင်ပေးလိုက်ပါတယ်။ MIUI ROM တင်နည်းကို နည်းလမ်း ပေါင်းမျိုးစုံဖြင့် ရှင်းလင်းပြထားပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ ROM Flash တစ်ခုကို အလွယ်တင်ယူနိုင်ပါတယ်။ Updater app ကိုအသုံးပြု ပြီး MIUI ROM တင်နည်း ======================== ဒီနည်းလမ်းကတော့ Xiaomi ဖုန်း/Tablet တွေမှာ Built-in အနေဖြင့်ပါလာတဲ့ app ဖြစ်တဲ့ Updater app ကနေတစ်ဆင့် ROM Flash တင်နည်းဖြစ်ပါတယ်။ ၁။ ပထမဆုံး သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် Official ရဲ့ နောက်ဆုံးထွက် MIUI ROM များကို အောက်ကလင့်မှာ အရင်ရယူလိုက်ပါ။ MIUI ROM Official ၂။ မိမိဖုန်းနဲ့ ကိုက်ညီတဲ့ ROM ကိုတွေပြီးလို့ တစ်ချက်နှိပ်လိုက်ပါ တိုက်ရိုက်ဒေါင်းလော့ရယူမယ့် လင့်ကိုရောက်လာပါလိမ့်မယ်။ အောက်ကပုံလေးကို ကြည့်ပါ Download Full Rom & Flashing Guide ဆိုပြီး မြင်နေရပါလိမ့်မယ်။ ဒေါင်းလော့ရယူမယ့် လင့်ကို ရောက်တဲ့အခါ ROM ကိုဒေါင်းလော့ရယူချင်ရင်တော့ Download full Rom ဆိုတာကိုနှိပ်ပါ။ Flashing Guide...